ကျောနံပါတ် ၅ ကို အနားပေးလိုက်တဲ့ ဘိုင်ယန်မြူးနစ်အသင်း
10 Dec
အသင်းရဲ့ ဂန္ထဝင်ကစားသမား ဘက်ကင်ဘောင်ဝါ ကို ဂုဏ်ပြုတဲ့အနေနဲ့ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၅ ကို အနားပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုလိုက်ပါတယ်။ ဂျာမနီသမိုင်း တစ်လျှောက် အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဘက်ကင် ဘောင်ဝါ ဟာ အခု နှစ်ဆန်းပိုင်းက အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဘက်ကင်ဘောင်ဝါ ဟာ ဂျာမနီအသင်းနဲ့အတူ ၁၉၇၂ ယူရိုချန်ပီယံဆုနဲ့ ၁၉၇၄ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း ဥရောပချန်ပီယံဆုကို ၁၉၇၃ ကနေ ၁၉၇၆ အထိ ၃ နှစ်ဆက် ယူနိုင်ခဲ့တဲ့ ဘက်ကင်ဘောင်ဝါဟာ နည်းပြအနေနဲ့လည်း ဂျာမနီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ၁၉၇၇ ခုနှစ်တုန်းမှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဘက်ကင်ဘောင်ဝါ ဟာ ၁၉၉၈ ခုနှစ်မှာ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ဘက်ကင်ဘောင်ဝါရဲ့ ကျောနံပါတ်ကို အနားပေးဖို့ဆုံးဖြတ်ချက်ကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဘက်ကင် ဘောင်ဝါက အခုထိ အသင်းနဲ့အတူ တည်ရှိနေဆဲဖြစ်ပါတယ်လို့ ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ဟိန်နာက ကြေညာချက်မှာ ပြောသွားခဲ့ပါတယ်။(NVS 003)