ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား/သူ ၂၂၀,၀၀၀ ဝန်းကျင် စာရင်းပေးသွင်းထား

10 Dec

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ ၂၂၀,၀၀၀ ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၅ ခုနှစ်မတ်လ ၁၇ ရက်မှစတင်ကာ မတ်လ ၂၂ ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ရောင်းချပေးခဲ့ပြီး စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီးထားသူများ၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ၊ စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများအား ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပြုထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လမှာ ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီနှင့် မေလတို့မှာ အထူးအစီအစဉ်တစ်ရပ် အနေနဲ့ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲများမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈,၈၂၀ ဦးဖြေဆိုခဲ့သည့်အနက် ၇၄,၅၉၂ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၈ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း သိရပါတယ်။(NVS 003)

10 Dec

ADVERTISE HERE .