ပြည်ပမှ ပဲစင်းငုံများ ဝယ်ယူမှုများပြားနေ

10 Dec

ပြည်ပမှ ဝယ်ယူမှုများပြားလာခြင်း‌ကြောင့် မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံများ အရောင်းအဝယ်ကောင်းမွန် လျက်ရှိ‌နေကြောင်း ပွဲစားကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရပါတယ်။ ယခုလက်ရှိအချိန်တွင် ပဲစင်းငုံကို ပြည်တွင်း၊ပြည်ပမှ ဝယ်ယူမှုများပြားလာသလို ကုန်သည်များက အဝယ်များလျက် ရှိခြင်းကြောင့် ဒီဇင်ဘာလ ပထမပတ်မှစ၍ အရောင်းအဝယ်ကောင်းမွန်လျက်နေပါတယ်။ မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံများ အရောင်းအဝယ်ကောင်းမွန်လာမှုကြောင့် ယခုလက်ရှိမှာ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၄၆၀,၀၀၀ ထိ ဈေးရရှိနေပါတယ်။ အဆိုပါပဲစင်းငုံကို ပြည်တွင်းမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြကြောင်း သိရပါတယ်။ (NVS 003)

10 Dec

ADVERTISE HERE .