၂၀၂၄ ခုနှစ်အတွင်း မြေငလျင် ၃၁ ကြိမ် လှုပ်ခတ်ခဲ့

10 Dec

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြေငလျင် ၃၁ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒီဇင်ဘာလ ၈ ရက်မှာ နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၆ ရက်အတွင်း အင်အားအနည်းငယ်ရှိတဲ့ ငလျင် ၂၇ ကြိမ် နှင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လေးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲကနေ သိရပါတယ်။ ငလျင်များက မြန်မာနိုင်ငံ အရှေ့ဘက်အခြမ်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအနီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ငလျင်များ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်မှာလည်း သိန္နီမြို့ကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ (NVS 003)

10 Dec

ADVERTISE HERE .