အင်းလေးဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်ဦးရေ ၇,၀၀၀ ခန့် ဝင်ရောက်

10 Dec

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ ယခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလ ဆန်းပိုင်းအထိ စုစုပေါင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၇,ဝဝဝ ဝန်းကျင်ဝင်ရောက်ခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ထိုသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအနက် ပြည်တွင်းခရီးသွားများမှာ ရန်ကုန်နှင့် မန္တလေးတို့မှ အများဆုံးလာရောက် လည်ပတ်ကြပြီး ပြည်ပခရီးသွားများထဲတွင်ရုရှားနိုင်ငံမှ အများဆုံး လာရောက် လည်ပတ်ကြကာ အစိုးရရုံးပိတ်ရက်များတွင် ခရီးသွားဧည့်သည်များ ပိုမိုများပြားကြောင်း သိရပါတယ်။ အင်းလေးကန်ထဲမှာ စက်လှေနဲ့သွားလာရပြီး လေ့လာကြည့်ရှုသော ခရီးစဉ်များကို ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များက အထူးကြိုက်နှစ်သက်ကြပြီး နှစ်စဉ်အောက်တိုဘာလလယ်ပိုင်းမှစတင်ကာ ပွင့်လင်းရာသီ တစ်လျှောက်လုံး ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ခရီးသွားဧည့်သည်များအနေနဲ့ အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရားနှင့် အင်းလေး ဒေသတွင်းက ကြာချည်များဖြင့် ရက်လုပ်သောရက်ကန်းရုံများကို အများဆုံး လာရောက်ကြပြီး ယခုအခါ ဆောင်းရာသီကို ဝင်ရောက်လာပြီဖြစ်လို့ အင်းလေးကန်ထဲတွင် ကျွန်းမျောစိုက်ခင်းများနဲ့ ဆောင်းသီးနှံများ စိုက်ပျိုးထားမှုများကို ကြည့်ရှုလေ့လာကြကာ ငှက်ကြည့်ခရီးစဉ်အနေနဲ့ လာရောက်လည်ပတ်ကြသူများလည်းရှိကြောင်း သိရပါတယ်။ (NVS 003)

10 Dec

ADVERTISE HERE .