“ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူမယ့် မန်ဒီ”
09 Decရီးရဲလ်မက်ဒရစ်အသင်း နောက်ခံကစားသများ မန်ဒီ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရမှာ ဖြစ်ပါတယ်။ နောက်ခံကစားသမား မန်ဒီ ဟာ စပိန်လာလီဂါပွဲစဉ် အဖြစ် ရီးရဲလ်မက်ဒရစ်အသင်း က ဂျီရိုနာအသင်းအား သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲ စဉ်တွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ဒီ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရခြင်းကြောင့် ရီးရဲလ် မက်ဒရစ်အသင်းအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက် တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ မန်ဒီ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၁၉-၂ဝ၂ဝ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အထိ ပြိုင်ပွဲစုံ ၁၈၇ ပွဲကစားပြီး ၆ ဂိုး သွင်းယူကာ ခြေစွမ်းပြထားပါတယ်။ (NVS 008)
09 Dec