“ကွင်းလယ်ကစားသမား ပီပီလူ အသင်းမှာဆက်ရှိသွားမယ်လို့ဆိုထုတ်ပြန်ခဲ့တဲ့ ဗီလာရီးရဲလ်အသင်း”
09 Decကွင်းလယ်ကစားသမားပီပီလူ အသင်းမှ ထွက်ခွာမည်ဆိုသော သတင်းများက ကောလာဟလများသာဖြစ် ကြောင်းနဲ့ အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း ဗီလာရီးရဲလ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကွင်းလယ်ကစားသမားကို လက်ရှိအချိန်မှာ ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စား နေပေမယ့် ၎င်းက အသင်းတွင်သာ ဆက်ရှိသွားမှာ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ပီပီလူ က ဗီလာရီးရဲလ် အသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၄-၂ဝ၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲ ၄ဝ ကစားပြီး ၈ ဂိုး သွင်းယူကာ ခြေစွမ်းပြထားပါတယ်။ (NVS 008)
09 Dec