“ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်တဲ့ နာနီ”

09 Dec

မန်ယူအသင်း တောင်ပံကစားသမားဟောင်း နာနီ က ကစားသမားဘဝကနေ အနားယူခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ နာနီ ဟာ မွေးရပ်မြေကလပ် အာမာဒေါ်ရာအသင်းမှာ နောက်ဆုံး ကစားခဲ့ပြီး နိုဝင်ဘာလ ၁ ရက်က ၎င်းရဲ့ပထမဆုံးကလပ်ဖြစ်တဲ့ စပိုတင်းလစ္စဘွန်းအသင်းနှင့်ပွဲစဉ်က ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ နာနီ ဟာ မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေ များစွာရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ FA ဖလားနှင့်အခြားဆုဖလားများစွာ ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ (NVS 008)

09 Dec

ADVERTISE HERE .