“တောင်ကိုရီးယားရောက်မြန်မာလုပ်သားများ မိသားစုထံ ငွေလွှဲပို့ရန် POEA အသိပေး”

09 Dec

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ များအနေနဲ့ မိသားစုထံငွေလွှဲပို့ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားပါတယ်။ လုပ်သားများအနေနဲ့ ၁ လလျှင် ၁ ကြိမ် လုပ်ခလစာ၏ ၂၅ % သို့မဟုတ် ၃ လ လျှင် ၁ ကြိမ်၊ ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅% ကို မိခင်နိုင်ငံရှိ မိသားစုထံ ငွေလွှဲပို့ရန် အသိပေးထားပါတယ်။ ဒါ့အပြင် ငွေလွှဲပို့ထားတဲ့ အထောက်အထားစာရွက်စာတမ်းကို viber - 09401993746 သို့ မိမိအမည်၊ passport no.၊ မြန်မာနိုင်ငံမှ စတင် ထွက်ခွာတဲ့ နေ့ရက်တို့ကိုပါပေးပို့ရန် အသိပေးထားပါတယ်။ တောင်ကိုရီးယားနိုင်ငံသို့ POEA မှ အလုပ်သမားများကို တရားဝင်စေလွှတ်နေခြင်းဖြစ်ပြီး လစဥ်အလုပ်သမား ထောင်နှင့်ချီထွက်ခွာနေကာ လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ နီးပါး ရောက်ရှိ လုပ်ကိုင်နေကြောင်း သိရပါတယ်။ (NVS 003)

09 Dec

ADVERTISE HERE .