“ရှေးခေတ်နံရံဆေးပန်းချီများရှိတဲ့ ဝတ်ကြီးလိုဏ်ဂူ ကို ပြန်လည်ပြုပြင်သွားမည်”

09 Dec

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ဝတ်ကြီး လိုဏ်ဂူမှ အင်းဝခေတ်နံရံဆေးပန်းချီများကို မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်သွားမယ်လို့ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရပါတယ်။ အဆိုပါဝတ်ကြီးလိုဏ်ဂူမှ နံရံဆေးပန်းချီများမှာ ရှေးနှစ်ပေါင်း ၂၀၀ ကျော် အင်းဝခေတ်က လက်ရာများဖြစ်ပြီး ယခုအချိန်တွင် ပန်းချီလက်ရာများက ပျက်စီးယိုယွင်းနေပြီဖြစ်လို့ ဘုရားပွဲတော်ရာသီအမီ ပြန်လည်ပြုပြင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဝတ်ကြီးလိုဏ်ဂူမှာ မင်းဘူးဆရာတော် ဦးဩဘာသ ရေးသားခဲ့သော ဇာတ်တော်ကြီးရှစ်ဘွဲ့ထဲမှ တေမိယ ဇာတ်၊ မဟာဇနကဇာတ်၊ နေမိဇာတ်၊ မဟော်သဓာဇာတ်၊ စန္ဒကုမာရဇာတ်၊ နာရဒဇာတ်၊ ဝိဓူရဇာတ်၊ ဝေဿန္တရာ ဇာတ်များအပြင် ရှင်ပညာတိက္ခ ရေးသားသော သုဝဏ္ဏသာမဇာတ်နှင့် ရှင်နန္ဒမေဓာက ရေးသားသော ဘူရိဒတ် ဇာတ်တော်ကြီးများရှိကြောင်းလည်း သိရပါတယ်။ ဒါကြောင့် မှန်ကင်းကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တပုည ကို အမှူးထား၍၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေးမူလက်ရာအတိုင်း ပုဂံဒေသမှ နံရံပန်းချီရေးဆွဲတဲ့ အတတ်ပညာရှင်များနဲ့ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

09 Dec

ADVERTISE HERE .