“ပဲခူးရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ (၉၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်”

09 Dec

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကကြီးမှူး၍ ပဲခူးမြို့ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ (၉၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာလ ၉ ရက်မှ ၁၆ ရက်အထိ ရှစ်ရက်တိုင်တိုင် ပဋ္ဌာန်းပွဲများ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ ဆွမ်းတော်ကြီးကပ်လှူပွဲများ၊ ပျော်ပွဲရွှင်ပွဲများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်မှာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို နတ်တော်လဆန်း ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ပဌာန်းအောင်ပွဲနှင့်အတူ မြို့ပေါ်ကျောင်းတိုက်များရှိ သံဃာတော်အပါး ၁ဝဝ ကျော်နှင့်သီလရှင်အပါး ၅ဝ ကိုလည်း ဆွမ်းဆန်စိမ်းနှင့် နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေသာလျောင်းဘုရားကြီးကို စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူ ၁,ဝဝဝ ကျော်လာရောက် ဖူးမြော်လျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

09 Dec

ADVERTISE HERE .