ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မဲခွဲမှုပြီးစီး

08 Dec

ယခုနှစ်မှာ ပုံစံသစ်နဲ့ပြောင်းလဲကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲဆုံးဖြတ်ပြီး မဲခွဲမှုရလဒ် များကို ထုတ်ပြန်ခဲ့ပါတယ်။ မဲခွဲမှုရလဒ်များအရ အုပ်စု A မှာ ပါမီးယက်စ်၊ ပေါ်တို၊ အယ်လ်အာလိုင်၊ အင်တာမိုင်ယာမီ၊ အုပ်စု B မှာ ပီအက်စ်ဂျီ၊ အေတီကို၊ ဘိုတာဖိုဂို၊ ဆောင်းဒါး၊ အုပ်စု C မှာတော့ ဘိုင်ယန်မြူးနစ်၊ အာလန်းစီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာ အသင်းတို့ဖြစ်ပါတယ်။ အုပ်စု D မှာတော့ ဖလာမင်ဂို၊ အီးအက်စ်တူးနစ်၊ ချဲလ်ဆီးအသင်း၊ အုပ်စု E ရေးဗားပလိတ်၊ အူယာဝါ၊ မွန်တီရေး၊ အင်တာမီလန်၊ အုပ်စု F မှာ ဖလူမီးနက်၊ ဒေါ့မွန်၊ အန်ဆန်၊ မာမယ်အိုဒီ၊ အုပ်စု G မှာတော့ လက်ရှိချန်ပီယံ မန်စီးတီး၊ ဝီဒက်၊ အယ်လ်အင်၊ ဂျူဗင်တပ်စ်၊ အုပ်စု H မှာတော့ ရီးရဲလ်၊ အယ်ဟိုင်လာ၊ ပါချုကာနှင့် ဆဲလ်ဘတ် အသင်းတို့က ပါဝင်နေခဲ့ကြပါတယ်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၃ ရက်အထိ အမေရိကန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။(NVS 008)

08 Dec

ADVERTISE HERE .