သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း အမျိုးအစားပေါင်း ၂၀ ကို FDA မှထပ်မံထုတ်ပြန်

08 Dec

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA Myanmar) မှ သုံးစွဲရန်မသင့်သည့် အလှကုန်နှင့် စားသောက်ကုန်ပစ္စည်း အမျိုးအစားပေါင်း ၂၀ ကိုအသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အလှကုန်ပစ္စည်းများတွင် တားမြစ်ဓာတုပစ္စည်းပါဝင်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ် ထားသည့် ဓာတုပစ္စည်းများပါဝင်နေသဖြင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ အခုလို ထပ်မံထုတ်ပြန်ခဲ့သည့် အလှကုန်ပစ္စည်းကိုသုံးစွဲပါက အရေပြားယားယံခြင်း အပါအဝင် ရောင်ရမ်းခြင်း၊ အရေပြားမှတစ်ဆင့်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)

08 Dec

ADVERTISE HERE .