ဒိန်းမတ်မှ F-16 တိုက်လေယာဉ် ဒုတိယအသုတ် ယူကရိန်းလက်ခံရရှိ

08 Dec

ဒိန်းမတ်နိုင်ငံက လွှဲပြောင်းပေးအပ်လိုက်သည့် F-16 တိုက်လေယာဉ် ဒုတိယအသုတ်ကို ယူကရိန်းနိုင်ငံက လက်ခံရရှိပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီ က ဒီဇင်ဘာလ ၁၇ ရက်တွင် ပြောသည်။ ဒိန်းမတ်နိုင်ငံမှ F-16 တိုက်လေယာဉ်ဒုတိယအသုတ်က ယူကရိန်းသို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ ထိုအခြေအနေသည် ပြည်သူများ၏ အသက်များကို ကာကွယ်လိုသည့် ခေါင်းဆောင်များ၏ စံနမူနာပြလုပ်ရပ် ဖြစ်ကြောင်း ဇီလန်စကီ ကပြောထားသည်။ ထို့ပြင် ဒိန်းမတ်နိုင်ငံက ပေးအပ်ထားသည့် F-16 တိုက်လေယာဉ်ပထမအသုတ်သည် ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း၊ ယခုအခါ ဝေဟင်လုံခြုံရေးမှာ ပိုမိုခိုင်မာလာပြီဖြစ်ကြောင်း ဇီလန်စကီ က ဆက်ပြော သည်။ နယ်သာလန်၊ ဒိန်းမတ်၊ ဘယ်ဂျီယံနှင့် နော်ဝေနိုင်ငံတို့က ယူကရိန်းနိုင်ငံသို့ F-16 တိုက်လေယာဉ် စုစုပေါင်း ၁၅ စင်းကို လွှဲပြောင်းပေးသွားမည်ဟု သဘောတူထားကြောင်း သိရသည်။

08 Dec

ADVERTISE HERE .