လီဗာပူးလ်အသင်းရဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တဲ့ ဗန်ဒိုက်
07 Decလီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက် ဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အသင်းရဲ့ပထမဆုံးကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဗန်ဒိုက် နဲ့ လီဗာပူးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပြီး ၎င်းက စာချုပ်သစ်ကိစ္စအတွက် အသင်းနဲ့အတူ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့လကမှ ပြောထားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ပထမဆုံးကမ်းလှမ်းချက်က ဗန်ဒိုက် မျှော်လင့်ထားသလို ဖြစ်မလာခဲ့တာကြောင့် ဗန်ဒိုက် က ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ စာချုပ်သစ်ကိစ္စအတွက် ဗန်ဒိုက် ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာလည်း ပြောစရာစကားမရှိသေးဘူးလို့ ဖြေကြားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒိုက် ဟာ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၈၉ ပွဲအထိ ကစားပေးထားသလို အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။(NVS 008)