မာလန် ကို ယူရိုသန်း ၃၀ နဲ့ ရောင်းချမယ်လို့ဆိုတဲ့ ဒေါ့မွန်အသင်း

07 Dec

ဒေါ့မွန်အသင်းက အသင်းတိုက်စစ်မှူး မာလန် ကို ယူရိုသန်း ၃၀ ရရှိပါက ရောင်းချသွားမယ်လို့သိရပါတယ်။ မာလန် ကို လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့အပြင် ဥရောပကလပ်အသင်းများက ခေါ်ယူရန် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ မာလန် ဟာ ဒေါ့မွန်အသင်းမှာ ၂၀၂၂ ခုနှစ်ကစတင်ကာ ပြိုင်ပွဲစုံ ၁၂၇ ပွဲကစားထားပြီး သွင်းဂိုး ၃၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက မာလန် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ သတ်မှတ်လိုက်တာဖြစ်ပြီး အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်မယ့်အသင်းကို ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

07 Dec

ADVERTISE HERE .