ပြစ်ဒဏ်ဘောကနေ ဂိုးသွင်းယူနိုင်တဲ့ အသက်ကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အက်ရှ်လေယန်း
07 Decအဲဗာတန်အသင်းရဲ့ နောက်ခံကစားသမား အက်ရှ်လေယန်း ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပြစ်ဒဏ်ဘောကနေ ဂိုးသွင်းယူနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ အက်ရှ်လေယန်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနှင့် ဝုဖ်အသင်းတို့ ပွဲစဉ်မှာ အဲဗာတန်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ပြစ်ဒဏ်ဘောကနေ သွင်းယူနိုင်ခဲ့တာကြောင့် ယခုလိုမှတ်တမ်းတစ်ရပ် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အဲဗာတန်အသင်းက ဝုဖ်အသင်း ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အက်ရှ်လေယန်း ဟာ အဲဗာတန်အသင်းကို ၂၀၂၃ ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
07 Dec