ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး(ညံတောဈေး)ကို အဆင့်မြင့်စံပြဈေးအဖြစ် ဆောင်ရွက်မည်

07 Dec

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေး (ညံတောဈေး) ၆ ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရပါတယ်။ ဈေးသစ်တည်ဆောက်နေမှုကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် က ရှင်းလင်းတင်ပြခဲ့ရာ နစကဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ရေစီးရေလာနှင့် ရေဝင်ရေထွက် ကောင်းမွန်စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျတွက်ချက်၍ ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး စားသောက် ဆိုင်ခန်းများ ထားရှိမည့်အထပ်တွင် သန့်ရှင်းမှုရှိစေရေးကို လေးထားဆောင်ရွက်သွားရန်နှင့် ရေမီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် လျပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲရာတွင် Back up စနစ်ကိုပါ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မြင့်ဈေးဖြစ်သည်နှင့်အညီ အသီးအရွက်များ၊ အသားငါးများကိုလည်း စနစ်တကျထုပ်ပိုး၍ ရောင်းချသွားရန်လိုကြောင်း၊ ယခုအဆင့်မြင့်ဈေးသစ် တည်ဆောက် စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေထူထပ်နေမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတစ် ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ စံပြဈေးတစ်ခုဖြစ်စေရန် မှာကြား ခဲ့ကြောင်း သိရပါတယ်။(NVS 004)

07 Dec

ADVERTISE HERE .