“မန္တလေးတိုင်းဒေသကြီး၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ၁၉၈ ခု မှတ်ပုံတင်ခွင့်ပြု”
06 Decမန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်က အောင်မြေသာစံမြို့နယ် ၂၅ လမ်းနှင့် ၈၂ လမ်း၊ ထောင့်ရှိ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက အဖွင့် အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ပြန်ကြားရေးမှူး ဦးဝင်းဗိုလ် က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြ ပါတယ်။ ထိုကဲ့သို့ ရှင်းလင်းတင်ပြပြီးနောက် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးနိုင်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှုးများက လုပ်ငန်းဆိုင်ရာ များကို ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင်လျှောက်ထားသော စားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းများအပါအဝင် လုပ်ငန်းပေါင်း ၁၉၈ ခု မှတ်ပုံတင် ခွင့်ပြုခဲ့ ကြောင်း သိရပါတယ်။ (NVS-004)