“ပဲခူးတိုင်းဒေသကြီးရှိ နောင်တော်ကြီး မြသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အမိုးတန်ဆောင်းတော် တည်ဆောက်မည်”

06 Dec

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူလျက်ရှိတဲ့ ရှေးဟောင်းသမိုင်းဝင် နောင်တော်ကြီး မြသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် သမိုင်းအထောက်အထားများအရ လွန်ခဲ့သောနှစ်ပေါင်း ၁,ဝဝဝ ကျော်ကတည်းက ပထမဟံသာဝတီခေတ်၊ မိဂါဒိပ္ပမင်းငယ်လက်ထက်တွင် စတင်တည်ဆောက်ပူဇော်ခဲ့ပြီး သမိုင်းခေတ်အဆက်ဆက် အပြောင်းအလဲများအရ ပျက်စီးယိုယွင်းနေခြင်းကို ဒုတိယဟံသာဝတီခေတ် ဓမ္မစေတီမင်း လက်ထက်တွင် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ဘုရားကြီးကို ၂၀၀၂ ခုနှစ်မှာတော့ ဘုရားဒါယိကာမကြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ကြည်နှင့် မောင်နှမများ၏ မတည်လှူဒါန်းမှုနှင့် ပြည်သူပြည်သားအပေါင်းတို့၏ ထက်သန်သော စုပေါင်းသဒ္ဓါစွမ်းအားတို့ဖြင့် အလျား ၂၇ဝ ပေ၊ အမြင့်ဉာဏ်တော် ၆၃ ပေရှိ ရုပ်ပွားတော်မြတ်ကြီးကို ပြန်လည်စတင်တည်ဆောက်ပူဇော်ခဲ့ရာ ၂ နှစ် ကြာမြင့်ခဲ့ပြီး လက်ရှိ ၂၀၂၄ ခုနှစ်အထိ ပြည်သူများ ဖူးမြော်မြင်တွေ့ရသည်အတိုင်း ရှိနေခြင်း ဖြစ်ပါတယ်။ ယခုအခါ နောင်တော်ကြီး မြသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်များ ကာကွယ်နိုင်စေရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဘုရားဖူးပြည်သူများအား ကိုယ်စိတ်နှစ်ပါး အေးချမ်း သာယာစွာဖြင့် ဖူးမြော်ကြည်ညိုပူဇော်နိုင်ကြစေရန် ရည်ရွယ်ပြီး အမိုးတန်ဆောင်းတော်ကြီးကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အနယ်နယ်အရပ်ရပ်ရှိ ပြည်သူပြည်သားများနှင့် သဒ္ဓါကြည်လင် ပါရမီရှင် ဘုရားဒါယကာ အလှူရှင်၊ အလှူအမ သူတော်ကောင်းတို့အနေနဲ့ အဆိုပါအမိုးတန်ဆောင်းတော်ကြီး အမြန်ဆုံးပြီးစီးနိုင်စေရန်အတွက် သဒ္ဓါ ကြည်ဖြူစွာ ပါဝင်လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဖုန်း ၀၉-၅၀၈၆၆၉၀၊ တိုင်းဒေသ ကြီး သာသနာရေးမှူး၊ ပဲခူးတိုင်းဒေသကြီး သာသာသနာရေးမှူးရုံး၊ ဖုန်း ၀၉-၂၅၉၀၁၀၅၁၆ နှင့် ဂေါ်ပကအဖွဲ့- မြန်မာ့ စီးပွားရေးဘဏ်(ပဲခူးမြို့)၊ SF-008303 KBZ Bank Account, 20330299921933801(Kanabwza Bank Ltd-BGO-3) သို့ ဆက်သွယ်၍ ပေးပို့လှူဒါန်းနိုင်ပါတယ်။ (NVS-004)

06 Dec

ADVERTISE HERE .