“မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးရှိစေမည့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး”
06 Decဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Abhay Thakur ကို ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သမိုင်းကြောင်းအစဉ်အလာအရ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများအလိုက်တည်ရှိပြီး နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုး ရှိစေမယ့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)
06 Dec