“အမျိုးသားကန်တော်ကြီးဥယျာဉ် ရာပြည့်အထိမ်းအမှတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေး”

06 Dec

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြင်ဦးလွင်မြို့ရှိ သစ်တောဦးစီးဌာန၊ ဧည့်ရိပ်သာ၌ အဆိုပါသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၅ ရက်က အမျိုးသား ကန်တော်ကြီးဥယျာဉ် ရာပြည့်အထိမ်းအမှတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်ဖြစ်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ အမျိုးသားကန်တော်ကြီးဥယျာဉ် စိမ်းလန်းသာယာလှပစေရန်၊ သစ်တောမြေများကို စနစ် တကျ စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး မှာကြားခဲ့ကာ မြန်မာ့သစ်လုပ်ငန်း ပြင်ဦးလွင် သစ်ထုတ်ရေး ဒေသရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြမှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေတိုင်းဦးစီးဌာန မြန်မာနိုင်ငံမြေတိုင်းကျောင်းသို့ သွားရောက်ကာ သင်တန်းသားများနှင့်တွေ့ဆုံပြီး သင်တန်းမှပို့ချသော စာတွေ့/လက်တွေ့ သင်ခန်းစာများကို ကြိုးစား လေ့လာသင်ကြား၍ မိမိတို့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက်အသုံးချနိုင်အောင် ဆောင်ရွက်သွားရန်မှာကြားခဲ့ပါတယ်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာန ခရိုင်ရုံး များသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ရရှိရန်၊ မီးခိုးမြူငွေ့များလျှော့ချ စေရန်၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရန်၊ သဘာဝတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲများ စောင့်ရှောက်ရေး၊ တရားမဝင်သစ်တားဆီးကာကွယ်ရေး၊ လူထုသို့အသိပညာပေးရေး စတဲ့ ကိစ္စရပ်များနှင့်ပတ်သက်ပြီး မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)

06 Dec

ADVERTISE HERE .