“ပင်းတယမြို့၌ သတ္တမအကြိမ်မြောက် ဓနုအမျိုးသားနေ့ကျင်းပမည်”

06 Dec

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၊ ငှက်ပျောတောရပ်ကွက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂုဏ်ဆောင် မြို့တော်ခန်းမရှေ့၌ သတ္တမအကြိမ်မြောက် ဓနုအမျိုးသားနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းမှ စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဓနုဒေသပင်းတယမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ကဦးစီး၍ မြို့ပေါ်ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၇ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာမှ ဓနုတိုင်းရင်းသား၊ တိုင်းရင်းသူများတို့ ပူးပေါင်းပြီး နိုင်ငံတော်အလံ၊ ရှမ်းပြည်နယ်အလံ၊ ဓနုအမျိုးသားအလံတော်တို့ လွှင့်တင်ခြင်း အခမ်း အနားကိုလည်းကောင်း၊ သတ္တမအကြိမ်မြောက် ဓနုအမျိုးသားနေ့သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဓနုတိုင်းရင်း သားတို့ရဲ့ ယဉ်ကျေးမှုအကအလှများနှင့် ဒေသနေတောင်ရိုး၊ ပအိုဝ်း၊ ပလောင်၊ ရှမ်း စတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ယဉ်ကျေးမှုအကအလှများ ဖျော်ဖြေတင်ဆက်မှုများဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ဓနုဒေသတိုင်းရင်းသားများ၏ ဈေးရောင်းပွဲတော်၊ ဓနုဒေသနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအက အလှများကို သတ္တမအကြိမ်မြောက် ဓနုအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

06 Dec

ADVERTISE HERE .