“တစ်ပွဲတည်းမှာပင် ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု ပွဲအများဆုံးပြုလုပ်နိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ဆာလတ်”
06 Decလီဗာပူးလ်တိုက်စစ်ကစားသမား ဆာလတ် က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲတည်းမှာပင် ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု ပွဲအများဆုံးပြုလုပ်နိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ မှာ နယူးကာဆယ်အသင်းနှင့် လီဗာပူးလ်အသင်း သုံးဂိုးစီသရေကျခဲ့ပြီး ဆာလတ်က သွင်းဂိုး နှစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆာလတ် က မိနစ် ၅၀ မှာ ကာတစ်ဂျုံးစ်သွင်းယူတဲ့ ပထမဂိုးကို ဖန်တီးပေးခဲ့သလို ၆၈ မိနစ်နှင့် ၈၃ မိနစ်မှာ အာနိုးလ် ရဲ့ ပေးပို့မှုမှတစ်ဆင့် ကိုယ်တိုင်နှစ်ဂိုး သွင်းယူခဲ့ပါတယ်။ ဆာလတ် အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များမှာ ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု တစ်ပြိုင်တည်းပြုလုပ်နိုင်တဲ့ ပွဲစုစုပေါင်း ၃၇ ပွဲရှိလာပြီး မန်ယူအသင်းတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီရဲ့ ၃၆ ပွဲစံချိန်ကိုကျော်ဖြတ်ကာ ပွဲအများဆုံး စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ (NVS 004 )