“ပြိုင်ပွဲဝင်နိုင်ဖို့မသေချာသေးတဲ့ တိုက်ကားဝုဒ်”
06 Decဂေါက်သီးရိုက်ကစားသမား တိုက်ကားဝုဒ် ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှုတွေ ခံရပြီးနောက် ပြန်လည်သက်သာလာခဲ့ပေမယ့် ပြိုင်ပွဲဝင်နိုင်ဖို့ မသေချာသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ တိုက်ဂါးဝုဒ် ဟာ ဂေါက်သီးရိုက်လောကမှာ အအောင်မြင်ဆုံးကစား တစ်ဦဖြစ်ပြီး လက်ရှိအချိန်မှာ ဒဏ်ရာများနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်ဟာ ဒဏ်ရာပြသနာများကို ပြန်လည်ကုစားနေရပြီး ပြိုင်ပွဲများကိုလည်း လက်လွတ်ခဲ့ရပါတယ်။ အခုလို ဒဏ်ရာများနှင့် ရင်ဆိုင်နေရပေမယ့်လည်း ဂေါက်သီးရိုက်လောက မှ အနားယူဖို့ အစီစဉ်မရှိသေးသလို ဂေါက်သီးရိုက်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားသွားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ တိုက်ဂါးဝုဒ် ဟာ ဒဏ်ရာပြဿနာများကြောင့် ၎င်းကိုယ်တိုင် ကျင်းပတဲ့ Hero Wrold Challenge ဂေါက်ရိုက်ပြိုင်ပွဲကနေ နုတ်ထွက်ထားပါတယ်။ (NVS 008)