“OpenAI က ဒရုန်းဖျက်စနစ်အတွက် AI ကိုတည်ဆောက်ရန် Anduril ကုမ္ပဏီနှင့်ပူးပေါင်း”
06 Decဉာဏ်ရည်တု (AI) နည်းပညာကို တစ်ခေတ်ဆန်းသစ်စေသော OpenAI ကုမ္ပဏီက ဒရုန်းဖျက်စနစ်အတွက် AI ကို တည်ဆောက်ရန် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Anduril နှင့်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ Anduril ကုမ္ပဏီအနေဖြင့် မောင်းသူမဲ့ ဝေဟင်ခြိမ်းခြောက်မှုများ၊ အကြီးစားဒရုန်းများ ကောင်းစွာ ထောက်လှမ်းတုံ့ပြန်နိုင်ရေးအတွက် OpenAI ကုမ္ပဏီ၏နည်းပညာအပေါ် မှီခိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ခေတ်သစ်စစ်ပွဲများတွင် ဒရုန်းများသည် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင် လာစဉ် Anduril ကုမ္ပဏီ က ယခုကဲ့သို့ AI နည်းပညာအသုံးပြု၍ ဒရုန်းများကို ထောက်လှမ်းတိုက်ဖျက်ရန် စီစဉ် လာခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကုမ္ပဏီနှစ်ခုအကြား ပူးပေါင်းရခြင်းသည် အမျိုးသားလုံခြုံရေးလုပ်ငန်းများအတွက် AI အသုံးပြု သွားရန်ဖြစ်ပြီး ထိုသို့ ပူးပေါင်းမှုကြောင့် လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်များတွင် နိုင်ငံများကြား ကွာဟမှု ကို ဖြည့်ဆည်းပေးနိုင်စေမည် ဖြစ်ကြောင်း Anduril ကုမ္ပဏီ၏ အမှုဆောင် က ပြောထားသည်ဟု South China Morning Post သတင်းဌာနတွင် ဖော်ပြထားသည်။