"ရုရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်ရန် ညှိနှိုင်းနေဆဲဖြစ်"

06 Dec

ရုရှားနိုင်ငံကို မြန်မာလုပ်သားတွေ စေလွှတ်နိုင်ဖို့အတွက် နှစ်ဖက်နိုင်ငံအကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ကနေ သိရပါတယ်၊၊ လက်ရှိမှာမြန်မာအလုပ်သမားတွေ စေလွှတ်ဖို့အတွက် ရုရှားနိုင်ငံဘက်က အလုပ်ကမ်းလှမ်းစာ (Demand Letter) မရောက်ရှိသေးသလို ရုရှား-မြန်မာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ရေးထိုးနိုင်ဖို့ကိုလည်း ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်၊၊ ရုရှားကို မြန်မာလုပ်သားစေလွှတ်ဖို့ ညှိနှိုင်းနေပြီး လုပ်သားအရေအတွက် မည်မျှ လွှတ်မည်ဆိုတာကတော့ သူတို့ရဲ့ အလုပ်ကမ်းလှမ်းစာ ပေါ်မှာမူတည်နေတာဖြစ်တယ်လို့ သိရပါတယ်၊၊ လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ MoU စနစ်နဲ့ လုပ်သားစေလွှတ်မှုတွေမှာ ထိုင်း၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို စေလွှတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊ (NVS 004 )

06 Dec

ADVERTISE HERE .