“မအူပင်မြို့နယ်တွင် အာလူးများအရောင်းအဝယ်ကောင်းလျက်ရှိ”

06 Dec

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာတဲ့ အာလူးများ အရောင်းအဝယ် ကောင်းမွန်နေလျက်ရှိတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိတဲ့ အာလူးများ ပုံမှန် ဝင်ရောက် လျက်ရှိပြီး ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ သိသိသာသာ အရောင်းအဝယ်ကောင်းမွန်လာတာကြောင့် လက်ရှိ အာလူးပိဿာချိန် ၁၀ ကို ငွေကျပ် ၇၅၀,၀၀၀ ထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ မအူပင်မြို့နယ်မှာ ယခုလက်ရှိ အာလူးပိဿာချိန် ၁၀၀ ထိ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အာလူးများ အရောင်းအဝယ်ကောင်းနေခြင်း ကြောင့် အာလူးစိုက်ပျိုးသူများ၊ ကုန်စည်သယ်ယူတင်ပို့တဲ့ လုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများစတဲ့ လုပ်ငန်းများ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်နေလျက်ရှိပါတယ်။ (NVS 004 )

06 Dec

ADVERTISE HERE .