“ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လေ့လာ”

06 Dec

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာလ ၅ ရက်နံနက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦးလေဆိပ်မှာ ကြိုဆိုနှုတ်ဆက် ခဲ့ကြပါတယ်။ ထို့နောက် ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရား၊ ထီးထိုမင်းလိုဘုရား၊ အာနန္ဒာဘုရားများသို့ သွားရောက်ဖူးမြော်ကြပြီး ပုဂံမြို့သစ်ရှိ ဦးဘညိမ်းယွန်းထည်ဆိုင်နှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ (NVS 004)

06 Dec

ADVERTISE HERE .