“အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်လေ့လာသူများပြား”

06 Dec

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ လာရောက်လေ့လာလျက်ရှိရာ ယခင်နှစ်ထက်လည်း ပိုမိုများပြားလာကြောင်း အင်းဝ-ပင်းယ ရှေးဟောင်းယဉ်ကျေးမှုဌာနမှ သိရပါတယ်။ အဆိုပါ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ အခါကြီးနေ့ကြီးများနှင့် ရုံးပိတ်ရက်၊ အလုပ်နားရက်များတွင် လာရောက်လေ့လာကြသူများပြားကြပြီး မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း၊ နန်းမြင့်မျှော်စင်နှင့် လေးထပ်ကြီးကျောင်း စတဲ့ နေရာများတွင် ပိုမိုစည်ကားလျက်ရှိပါတယ်။ ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းမှ လက်ရှိကာလအထိ အင်းဝရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ရောက်ရှိ လေ့လာကြတဲ့ စာရင်းများအရ ပြည်ပခရီးသွားဧည့်သည် ၉၆၁ ဦး၊ ပြည်တွင်းဧည့်သည် ၂,၀၂၅ ဦးရှိကြောင်း သိရပါ တယ်။ အများဆုံးလာရောက်တဲ့ ပြည်ပခရီးသွားများမှာ ရုရှား၊ ထိုင်းနဲ့ တရုတ်နိုင်ငံသားများဖြစ်ကြပြီး အင်းဝ-ပင်းယ ဇုန်ဝင်ကြေးအဖြစ် ပြည်ပခရီးသွားတစ်ဦးလျှင် ငွေကျပ် ၁၅,ဝဝဝ ကောက်ခံလျက်ရှိပြီး ပြင်းတွင်းခရီးသွားများအနေနဲ့ အခမဲ့လာရောက်လေ့လာခွင့်ပေးထားပါတယ်။ အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် ရှေးဟောင်းအဆောက်အအုံ၊ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်း များကို စာရင်းပြုစုထားရာ ၉၆၁ ကျောင်းရှိပြီး နှစ်စဉ်ချထားပေးသည့် ဘတ်ဂျက်ငွေဖြင့် ယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပစေရေးနှင့် ရှေးဟောင်းအဆောက်အအုံများ ရှေးမူမပျက် ပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အပန်းဖြေခြင်းနှင့်အတူ လာရောက်လေ့လာသူ များပြားလာကြောင်း သိရပါတယ်။(NVS 004)

06 Dec

ADVERTISE HERE .