“တောင်သူများအား ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး”

05 Dec

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်က သမ္ဘရာ ကျေးရွာအုပ်စုမှ တောင်သူ ၇၈ ဦးတို့၏ စိုက်ပျိုးမြေဧက ၂၃၅ ဧကအတွက် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း သိရပါတယ်။ ထိုကဲ့သို့ ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်း ၅,၅ဝဝ သိန်း ထုတ်ချေးပေးရန်လျာထားပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပဲ စတဲ့ စိုက်ပျိုးမြေများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ချေးငွေထုတ်ပေးခဲ့ပါတယ်။ လက်ရှိမှာ တော့ ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူ ၅၂၁ ဦး၏ စုစုပေါင်းစိုက်ဧက ၁,၇၁၇ ဧကအတွက် ငွေကျပ် ၁,၇၁၇ သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသောကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း စိုက်ပျိုးငွေများ ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။ (NVS-004)

05 Dec

ADVERTISE HERE .