“မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (၃၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကျင်းပမည်”

05 Dec

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေဖြင့် ရိုးရာနှင့်အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။ အဆိုပါ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်မှာလည်း အစဉ် အလာမပျက် မြန်မာ့ရိုးရာကစားနည်းများဖြစ်တဲ့ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက် ပြိုင်ပွဲများအပါအဝင် ဘော်လီဘောပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကလေး သူငယ်များအားကစားပြိုင်ပွဲ၊ ကလေးသူငယ်များ(Baby Show)ပြိုင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ စတဲ့ ပြိုင်ပွဲပေါင်း ၁၂ မျိုး နှင့် စုပေါင်းသွေးလှူဒါန်းပွဲများကို ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များက ပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြိုင်ပွဲတစ်ခုချင်းစီအလိုက် ဆုရရှိသူများကိုလည်း နှစ်ပတ်လည်အခမ်းအနား ကျင်းပသည့်နေ့တွင် ဆုအသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

05 Dec

ADVERTISE HERE .