“မြန်မာ-ရုရှား နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များအပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ‌ဆွေးနွေး”

05 Dec

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာလ ၄ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပျံသန်းလျက်ရှိမှုအပါအဝင် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် တိုးမြှင့် ဆောင်ရွက်သွား မည့် ကိစ္စရပ်များကို‌ ဆွေးနွေးကြပါတယ်။ အဆိုပါ တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)

05 Dec

ADVERTISE HERE .