နောင်လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်ကို ကြီးစိုးနိုင်လိမ့်မယ်ဆိုတဲ့ ချဲလ်ဆီးအသင်းနည်းပြ မာရက်စကာ
05 Decချဲလ်ဆီးနည်းပြ မာရက်စကာက လက်ရှိအသင်းရဲ့လူစာရင်းနဲ့ အသက်အရွယ်ကြောင့် နောင်လာမယ့်နှစ်တွေ မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြီးစိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ အခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိနေသလို အသင်းရဲ့ကစားသမားတွေကလည်း ခြေစွမ်းပြကစားနေတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိဦးမှာမဟုတ်ပေမယ့် နောင်လာမယ့် ၁၀ နှစ်ခန့်ဆိုရင် ပရီးမီးယားလိဂ်ကို ကြီးစိုးနိုင်လိမ့်မယ်လို့ နည်းပြမာရက်စကာက ပြောကြားခဲ့ပါ တယ်။ ချဲလ်ဆီး ဟာ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေလက်ထက်မှာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁ ဘီလီယံခွဲ ကျော် အသုံးပြုထားပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားပါတယ်။ အသင်းရဲ့ပျမ်းမျှ ကစားသမား အသက်က ၂၃ နှစ် ကျော်သာရှိသေးပေမယ့် ချဲလ်ဆီးအသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားပြီးချိန်မှာ ၈ ပွဲ နိုင်၊ ၄ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။(NVS 008)