ဒါလော့ ကို ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ရီးရဲလ်အသင်း
05 Decစပိန်လာလီဂါကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်အသင်းက မန်ယူအသင်းရဲ့ နောက်ခံကစားသမား ဒါလော့ ကို ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒါလော့ ဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၇၈ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြသလျက်ရှိတဲ့ အသင်းရဲ့အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်အသင်းရဲ့ ကစားသမားများ ဒဏ်ရာရရှိမှုတွေနဲ့ ကြုံတွေ့နေခဲ့ရတာကြောင့် ကစားတွေကို ခေါ်ယူဖို့ရှိနေတာ ဖြစ်ပါ တယ်။ မန်ယူအသင်း က ဒါလော့ ကို ရီးရဲလ်အသင်းထံ ရောင်းချဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။(NVS 008)
05 Dec