ဒီဇင်ဘာလဆန်းမှစ၍ မန္တလေးဈေးကွက်အတွင်း သကြားအရောင်းအဝယ်ကောင်းမွန်လျက်ရှိ
05 Decမန္တလေး ဈေးကွက်အတွင်း ဒီဇင်ဘာလဆန်းမှစ၍ သကြား အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ ပြည်တွင်းမှ ထွက်ရှိသည့် သကြားကို ပြည်ပ နိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံဘက်မှလည်း ဝယ်ယူမှုများရှိပြီး ယခုအခါ ပြည်ပမှကုန်သည်များ သကြားဝယ်ယူမှု ပြန်လည်များပြားလာတာကြောင့် ပြည်တွင်းဈေးကွက်အတွင်းတွင် သကြားဝယ်လိုအားပြန်လည် များပြားလာကာ အရောင်းအဝယ် ကောင်းမွန်လာကြောင်း သိရပါတယ်။ ပြည်တွင်းမှ ထွက်ရှိတဲ့ အရည်အသွေးကောင်းမွန်တဲ့ သကြားများကို ထိုင်း၊ ဗီယက်နမ်စတဲ့ ပြည်ပနိုင်ငံ များမှ ဝယ်ယူလျက်ရှိပါတယ်။ ဈေးကွက်အတွင်းပေါက်ဈေးမှာ သကြားတစ်ပိဿာ ၅,၁၀၀ ကျပ်ခန့် ရှိနေတာကြောင့် ကုန်သည်များအနေနဲ့ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်အသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ ပြောကြားချက်အရ သိရပါတယ်။(NVS 004)