၂၀၂၂ ခုနှစ် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအကူအညီဖြင့် ပိုးသတ်ဆေး အကြွင်းအကျန်ဓါတ်ခွဲခန်း တည်ထောင်

05 Dec

၂၀၂၂ ခုနှစ် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအကူအညီအထောက်အပံ့ဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ ပိုးသတ်ဆေးအကြွင်းအကျန်ဓါတ်ခွဲခန်းကို တည်ထောင်သွား မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဒီဇင်ဘာလ ၃ ရက်၌ နေပြည်တော် MGallery Hotel တွင်ကျင်းပခဲ့တဲ့ အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာ သုတေသန ညီလာခံတွင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပိုးသတ်ဆေး အကြွင်း အကျန်များကို ခွဲခြမ်းစိတ်ဖြာနိုင်သော ဓာတ်ခွဲခန်းပလက်ဖောင်းကို တည်ထောင်နိုင်ပြီး သုတေသီများ၊ ပညာရှင် များနှင့် ကျောင်းသား/ကျောင်းသူများ၏ သုတေသနစွမ်းရည်ကို တိုးတက်စေမည်ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ပူးပေါင်းသုတေသနပြုခြင်း၊ ဝန်ထမ်းလေ့ကျင့်ရေး၊ ကျွမ်းကျင်သူစေလွှတ်ခြင်းများကို လည်း စီမံကိန်းအစီအစဉ်အရဆောင်ရွက်ခဲ့ပြီး ယခုကျင်းပသည့် သုတေသနညီလာခံမှ ပြည်တွင်းနှင့် ပြည်ပပို့ကုန်များ၏ အစားအစာဘေးကင်းလုံခြုံစိတ်ချနိုင်ရေးအတွက် စောင့်ကြည့်လေ့လာနိုင်သော အခြေခံစနစ်တစ်ခု ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။(NVS 004)

05 Dec

ADVERTISE HERE .