မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဒြပ်မဲ့အမွေအနှစ်အဖြစ် သတ်မှတ်
05 Dec၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အတွင်း ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန် Asunción မြို့တွင် ကျင်းပ တဲ့ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံအစည်းအဝေးတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်ကို မြန်မာတို့၏ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် မဲခွဲဆုံးဖြတ် အတည်ပြုသတ်မှတ်ခဲ့ကြောင်း သိရပါ တယ်။ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် မြန်မာနိုင်ငံ၏ရိုးရာ ပွဲတော်တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် တွင် ထိုင်းနိုင်ငံမှ နှစ်သစ်ကူးဆုန်ခရမ်ပွဲတော်ကို ယူနက်စကိုမှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် အသိ အမှတ်ပြုခဲ့တာကြောင့် မြန်မာ့နိုင်ငံမှရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကိုလည်း မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်အဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အဆိုပြု တင်သွင်း မှုကို သမိုင်းအထောက်အထားများနှင့် ယဉ်ကျေးမှုဆိုင်ရာအထောက်အထားများ အဆင့်ဆင့်ကြိုးပမ်းတင်ပြခဲ့ပြီး ယခုအခါ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်အဖြစ် သတ်မှတ် နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ သတ်မှတ်နိုင်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ (NVS 004)