“နောင်ယန်းချောင်းအား သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည်”

04 Dec

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်း နောင်ယန်းအင်းအဝင်ဝရှိ နောင်ယန်းချောင်းအား သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။ အဆိုပါနောင်ယန်းအင်းသည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ လီဒိုလမ်းမကြီးနှင့် မနီးမဝေး၌ တောင်များဝိုင်းရံပြီး အလယ်တွင်တည်ရှိကာ ဒုတိယကမ္ဘာစစ်အတွင်းက Lake of No Return ဟု တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ အင်းတစ်ခုဖြစ်ပြီး ယခုအခါ ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ နောင်ယန်းအင်း၏ ဧရိယာအများစုသည် လယ်ယာမြေများအဖြစ်တည်ရှိနေကြပြီး အဆိုပါအင်း ကို တိမ်ကောမှုမရှိစေရန်နှင့် ရေဝင်ရေထွက်ကောင်းမွန်စေရန်အပြင် အနီးဝန်းကျင်ရှိ လယ်ယာမြေများအတွက်လည်း စိုက်ပျိုးရေများရရှိစေရန် နောင်ယန်းအင်းအဝင်ဝရှိ နောင်ယန်းချောင်းအား သဲနုန်းတူးဖော် ခြင်းလုပ်ငန်းများ စီစဉ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်ယန်းအင်းအဝင်ဝရှိ နောင်ယန်းချောင်းအား သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ကို ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နောင်ယန်းအင်းသို့ နှစ်စဉ်ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသွားများသာမက အိန္ဒိယနိုင်ငံဘက်မှတစ်ဆင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ လည်း လာရောက်လည်ပတ်အပန်းဖြေလေ့ရှိကြကြောင်း သိရပါတယ်။ (NVS-004)

04 Dec

ADVERTISE HERE .