“ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်းခန့်ရရှိထား”

04 Dec

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍတွင် ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်းကျော် ရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်း ဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ အဆိုပါ ခုနစ်လတာကာလအတွင်း ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ တန်ချိန် ၇၃၈ ဒသမ ၂၃ တန်ခန့်၊ နယ်စပ်ကုန်သွယ်ရေးမှ တန်ချိန် ၄၇ ဒသမ ၈ တန်ခန့် စုစုပေါင်း ပြည်ပသို့ ပျားရည် တန်ချိန် ၇၈၆ ဒသမ ဝ၃ တန်ခန့် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်းခန့် ရရှိခဲ့ပါတယ်။ ပြည်ပသို့ ပျားရည်တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ၅၃၆ ဒသမ ၂၁ တန်ဖြင့် အများဆုံးတင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈၀၄,၁၉၅ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ သုည ဒသမ ၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၇၅၀၊ ထိုင်းနိုင်ငံသို့ ၂၀၁ ဒသမ ၅၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၀၂,၂၆၅ သန်း၊ တရုတ်နိုင်ငံသို့ ၄၅ ဒသမ ၈ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၈,၆၉၆ သန်းနှင့် တရုတ်(တိုင်ပေ)သို့ နှစ်တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃,၀၀၃ သန်း ရရှိထား ပါတယ်။ ပြည်တွင်းမှ ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ) စတဲ့ နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့ထားကြောင်း၊ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေနဲ့ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိ ကာ အဆိုပါ ပျားရည်ကို ပြည်တွင်းမှာလည်း ဆေးဝါးအဖြစ် အသုံးပြုမှုများကြောင်း သိရပါတယ်။ (NVS-004)

04 Dec

ADVERTISE HERE .