“ပဲခူးတိုင်းဒေသကြီးတွင် ဆည်ရေသောက်စနစ် စိုက်ပျိုးမြေများ၌ သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်သွားမည်”

04 Dec

ပဲခူးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍတွင် ဆည်ရေသောက်စနစ်ရရှိသော စိုက်ပျိုးမြေအားလုံးကို သုံးသီးစား စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါ တယ်။ ၂၀၂၄ ခုနှစ် နွေစပါးရာသီ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ခင်း ၄၂၅,၇၀၀ ဧက ကျော်အား ဆည်တမံ ၃၉ ခုမှ စိုက်ပျိုးရေအပြည့်အဝဖြန့်ဝေပေးနိုင်ခဲ့ပြီး ယခုနှစ် နွေစပါးရာသီတွင်လည်း နွေစပါးစိုက်ခင်းများကို စိုက်ပျိုးရေ များပို့လွှတ်နိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ တိုင်းဒေသကြီးအတွင်း ပထမသီးနှံ မိုးစပါး၊ ဒုတိယသီးနှံ ဆောင်းသီးနှံနှင့် တတိယသီးနှံ နွေစပါးတို့ကို သုံးသီးစားအဖြစ် ၂၀၂၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခရိုင် ခြောက်ခု၌ ပဲခူးခရိုင်တွင် နွေစပါး ၁၉,၈၆၀ ဧက စိုက်ပျိုးနိုင်ခဲ့ကာ ၂၀၂၄ ခုနှစ်မှာတော့ နွေစပါးကို ၂၆,၃၂၅ ဧကအထိ တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း မိုးစပါးရာသီကုန်ဆုံးပြီးနောက် ဆောင်းသီးနှံများစိုက်ပျိုးလျက်ရှိပြီး နွေစပါးရာသီမှာတော့ ရက် ၉၀ စပါးကို ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လအထိ စိုက်ပျိုးလေ့ရှိကာ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ဧပြီလကုန်ပိုင်း အထိ အောင်ရေပို့လွှတ်ပေးလျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးတွင် ရာသီအလိုက် စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် အကျိုး ပြုရေအသုံးပြုနိုင်ရန် ပဲခူးခရိုင်၌ ဆည်တမံ ရှစ်ခု၊ ညောင်လေးပင်ခရိုင်၌ ငါးခု၊ တောင်ငူခရိုင်၌ ရှစ်ခု၊ နတ်တလင်း ခရိုင်၌ သုံးခု၊ သာယာဝတီခရိုင်၌ ရှစ်ခုနှင့် ပြည်ခရိုင်၌ ခုနစ်ခု စုစုပေါင်း ဆည်တမံ ၃၉ ခုရှိပြီး ရေလွှဲဆည် ၁၃ ခုနှင့် ရေတံခါး ၁၄ ခု စုစုပေါင်း ဆည်တမံ၊ ရေလွှဲဆည်နှင့်ရေတံခါး ၆၆ ခုတို့မှ သုံးသီးစားစိုက်ခင်းများသို့ စိုက်ပျိုးရေများ ပို့လွှတ်လျက်ရှိပါတယ်။ (NVS-004)

04 Dec

ADVERTISE HERE .