“ကွန်ပျူတာကျွမ်းကျင်မှုပြိုင်ပွဲ National ICT Awards 2024 ကျင်းပမည်”

04 Dec

ပညာရေးကဏ္ဍတွင် အိုင်စီတီနည်းပညာများကို အပြည့်အဝအသုံးချနိုင်စေရန် ရည်ရွယ်ပြီး National ICT Awards 2024 ကို ကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာလ ၃ ရက်က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တွင် အစည်းအဝေးကျင်းပခဲ့ ကြောင်း သိရပါတယ်။ အဆိုပါ National ICT Awards 2024 ကို ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အပါအဝင် ညီနောင်အသင်းများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ National ICT Awards 2024 ကွန်ပျူတာကျွမ်းကျင်မှုပြိုင်ပွဲတွင် မူလတန်းဆင့် (Elementary)၊ အလယ်တန်းဆင့် (Secondary)၊ အထက်တန်းအဆင့် (High School) နှင့် ဆရာအဆင့် (Teacher) ခွဲခြားထားပြီး Education Projects ပြိုင်ပွဲဝင်သူများအနေနဲ့ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်ကြရာ မိမိတို့နှစ်သက်ရာ ဆော့ဖ်ဝဲကို အသုံး ပြုကာ ပရောဂျက်တစ်ခုထက်မက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။ ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ပရောဂျက်ကို CD နှစ်စုံ၊ ပြိုင်ပွဲဝင်ပုံစံ၊ ပရောဂျက်နှင့် Presentation အတွက် Video Clip ဖြင့် ပတ်သက်သော စာရွက်စာတမ်းများနှင့် တင်ပြရမှာဖြစ်ပြီး နောက်ဆုံးအဆင့်ရွေးချယ်ခြင်း၊ ဆုရွေးချယ်ခံရသူများအား ကြေညာခြင်းအစီအစဉ်များဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

04 Dec

ADVERTISE HERE .