“ဆာလတ် ကို ခေါ်ယူရန် ချိတ်ဆက်ခဲ့တဲ့ ပီအက်စ်ဂျီဥက္ကဋ္ဌ”
04 Decလီဗာပူးအသင်းရဲ့ အီဂျစ်တောင်ပံကစားသမား ဆာလတ် ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်ခီလိုင်ဖီ က ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆာလတ် နဲ့ လီဗာပူးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီအပြီး ကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်သစ်ကိစ္စအတွက် အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဆာလတ် ဟာ အသင်းမှာရှိနေတဲ့ ၇ နှစ်တာအတွင်း အဓိက ကစားသမား တစ်ယောက်အဖြစ် ခြေစွမ်းပြကစားနေခဲ့သူ ဖြစ်ပါတယ်။ ဆာလတ် ဟာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ စာချုပ်သစ်ကိစ္စအတွက် လုပ်ဆောင်မှုအပေါ် စိတ်ပျက်နေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပိုများတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ ပီအက်စ်ဂျီအသင်းဟာ ဆာလတ် ကိုခေါ်ယူဖို့အတွက် အသင်းဥက္ကဋ္ဌကိုယ်တိုင် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ ဆာလတ် ဟာ အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၂၀ ကစားပေးထားပြီး ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ (NVS 008)