“တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာချက်ကို ၆ နာရီအတွင်း ရုတ်သိမ်းခဲ့”
04 Decတောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်ညပိုင်းတွင် စစ်အုပ်ချုပ်ရေး အဖြစ် ကြေညာခဲ့ပြီးနောက် ၆ နာရီအကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံ သည် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးကြေညာခဲ့သည့် စစ်အုပ်ချုပ်ရေး ကြေညာချက်ဖြစ်သည်။ သမ္မတယွန် က သူ၏နိုင်ငံရေးကျရှုံးမှုကို ဖုံးကွယ်ရန်အတွက် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်သည်ဟု အခြေအမြစ်မရှိရုံသာမက တရားမဝင်သည့် ဆင်ခြေကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဝေဖန်ထားသည်။ သမ္မတ ယွန်က စစ်အုပ်ချုပ်ရေး ကြေညာ ပြီးနောက် DP နှင့် PPP အမတ်အချို့၊ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးအနက် ၁၉၀ ဦးက အမျိုးသား လွှတ်တော် တွင် အရေးပေါ်အစည်းအဝေးကျင်းပပြီး စစ်အုပ်ချုပ်ရေးရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။ အဆိုပါ အရေးပေါ် အစည်းအဝေးကျင်းပရာနေရာတွင် လုံခြုံရေးစစ်သားများနှင့် ပြည်သူများ ပဋိပက္ခ ဖြစ်ခဲ့ကြသည်။ လွှတ်တော်မှ ပယ်ဖျက်ရန်အဆိုကို အတည်ပြုပြီးနောက် သမ္မတ ယွန်သည် ၎င်း၏သမ္မတရုံးတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် စစ်အုပ်ချုပ်ရေးမှ ရုပ်သိမ်းကြောင်း ရုပ်မြင်သံကြားမှ ကြေညာခဲ့သည်။ အတိုက်အခံ DP တပ်ဖွဲ့များသည် ယွန် ကို သမ္မတရာထူးမှ ချက်ချင်း နုတ်ထွက် ခြင်းမရှိပါက ၎င်းတို့သည် ယွန် အား စွပ်စွဲပြစ်တင်ရန် ချက်ချင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယွန် သည် စစ်အုပ်ချုပ်ရေး မကြေငြာမီလိုအပ်သော လုပ်ထုံးလုပ်နည်းဖြစ်သည့် ၎င်း၏ဝန်ကြီးအဖွဲ့အစည်းအဝေးကိုပင် ဆင့်ခေါ်ခြင်း မရှိကြောင်း ဒေသတွင်း သတင်းစာများတွင် ဖော်ပြသည်။ ထို့အပြင် ယွန် သည် သူ၏ နိုင်ငံရေး ရန်သူများကို ရည်ညွှန်းပြီး နိုင်ငံတော်ဆန့်ကျင်ရေးအင်အားစုများကို ဖြုတ်ပစ်မည်ဟု မကြာခဏ ပြောကြားခဲ့ ကြောင်း The Seoul Time သတင်းဌာနတွင် ဖော်ပြထားသည်။