“ဂါဇာရှိ ဓားစာခံများကို မလွှတ်ပေးပါက ပြဿနာအကြီးကြီး တက်စေမည်ဟု ထရမ့်ပြော”

04 Dec

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က လက်ရှိဂါဇာဒေသတွင် အဖမ်းခံထားရဆဲဖြစ်သည့် အစ္စရေး နိုင်ငံသားဓားစာခံများကို ချက်ချင်းလွှတ်ပေးရန်နှင့်မလွှတ်ပေးပါက ပြဿနာအကြီးကြီး တက်စေမည်ဖြစ်ကြောင်း ပြောသည်။ ဒေါ်နယ်ထရမ့်က လာမည့်နှစ် ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတတာဝန်များကို စတင်ထမ်းဆောင် တော့မည်ဖြစ်ပြီး ထိုရက်မတိုင်မီတွင် ကျန်ရှိနေတဲ့ ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ထိုရက်ထက် ပို၍ နောက်ကျသွားမည်ဆိုပါက အရှေ့အလယ်ပိုင်း ဒေသတွင်သာမက လူသားမျိုးနွယ်စုအပေါ် ရက်စက်ကြမ်းကြုတ် သော ပြစ်မှုကျူးလွန်သူများကို ပြဿနာအကြီးကြီးတက်စေမည် ဖြစ်ကြောင်း ထရမ့်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတိပေးရေးသားထားခြင်း ဖြစ်သည်။ ဒေါ်နယ်ထရမ့်၏သတိပေးမှုက ဂါဇာဒေသရှိ ဟားမက်စ်တို့အပေါ် စစ်ဆင်နွှဲနေသည့် အစ္စရေး၏ စစ်ရေး လုပ်ဆောင်မှုများတွင် အမေရိကန်စစ်ဘက်က တိုက်ရိုက်ကြားဝင်စွက်ဖက်မည်ဟု အဓိပ္ပါယ်ရသော ခြိမ်းခြောက် သည့် စကား ဟုတ်၊မဟုတ် ကိုမူ သေချာမသိရသေးပေ။ ထရမ့်၏မိတ်ဖက်များကမူ ထရမ့်အနေဖြင့် သမ္မတ တာဝန် မထမ်းဆောင်မီ ဂါဇာအရေး၌ အပစ်အခတ်ရပ်စဲရေးရရှိပြီး ဓားစာခံများကိုလည်း ပြန်လွှတ်ပေးမည်ဟု မျှော်လင့် ကြောင်း ပြောထားသည်။ ဟားမက်စ်တို့ ထိန်းသိမ်းထားသည့် ဓားစာခံများအနက် အမေရိကန်-အစ္စရေးနိုင်ငံသား ခံယူထားသူ အိုမာနျူထရာ သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ရုပ်အလောင်းကို ဟားမက်စ်တို့ က ထိန်းသိမ်းထား ကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ပြီးနောက် ထရမ့်က ယခုလိုသတိပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

04 Dec

ADVERTISE HERE .