"ဗဟိုဘဏ်က ဒေါ်လာ ၃၈ သန်းကျော် ထပ်မံရောင်းချပေးခဲ့"

04 Dec

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်ကို ငွေလဲနှုန်း ၃,၅၈၅ ကျပ်နဲ့ Online Trading Platform ကတစ်ဆင့် ဒီဇင်ဘာလ ၂ ရက်က ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီနေ့မှာပဲ တရုတ်ယွမ် ငွေ ၁ သန်းခွဲနီးပါးကို ငွေလဲနှုန်း ၅၃၃ ဒသမ ၆ ကျပ်၊ ထိုင်းဘတ်ငွေ ၁၀၇ သန်းကျော်ကို ငွေလဲနှုန်း ၁၂၉ ကျပ်နဲ့ ထုတ်ရောင်းပေးခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလ ၄ ရက် ပြင်ပပေါက်ဈေးတွေအနေနဲ့ အမေရိကန်တစ်ဒေါ်လာကို ၄၃၄၀ ကနေ ၄၄၄၀ ကြား၊ တရုတ် ယွမ်ငွေ တစ်ယွမ်ကို ၆၁၇ ကျပ်၊ ထိုင်းဘတ်ငွေ ပြင်ပပေါက်ဈေးအနေနဲ့ ဘတ်ပေးကျပ်ယူဆိုရင် တစ်ဘတ်ကို ၁၂၇ ဒသမ ၃၉ ကျပ်၊ ကျပ်ပေးဘတ်ယူဆိုရင် တစ်ဘတ်ကို ၁၃၀ ဒသမ ၇၂ ကျပ်ရှိတယ်လို့ ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပြီး ကျပ်ပေး ဘတ်ယူငွေလဲနှုန်းက ဗဟိုဘဏ်က ထုတ်ရောင်းပေးတဲ့ ငွေလဲနှုန်းနဲ့ အတူတူနီးပါးရှိနေတာ ကို ဈေးကွက်အတွင်းကနေ သိရပါတယ်။ (NVS 004 )

04 Dec

ADVERTISE HERE .