“၂၀၂၅ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားထုတ်ပြန်”
04 Dec၂၀၂၅ ခုနှစ်၊ မတ်လတွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအား ပညာရေးဝန်ကြီး ဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒီဇင်ဘာလ ၄ ရက် ရက်စွဲနဲ့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်အား မတ်လ ၁၇ ရက်၊ အင်္ဂလိပ်စာဘာသာရပ်အား မတ် ၁၈ ရက်၊ သင်္ချာဘာသာရပ်အား မတ်လ ၁၉ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ထို့အတူ ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဝင်ဘာသာရပ်တို့အား မတ်လ ၂၀ ရက်၊ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား မတ်လ ၂၁ ရက်၊ ဇီဝဗေ ဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်တို့အား မတ်လ ၂၂ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအရ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ များမှာ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ပါတယ်။ (NVS 004)