“ထန်းတပင်မြို့နယ်၌ လယ်ယာမြေဧက ၂၀၀ ကို စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်”

04 Dec

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လယ်ယာမြေ ဧက ၂၀၀ ကို စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများအဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရပါတယ်။ ထန်းတပင်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျလယ်ယာမြေများ ဖော်ထုတ်ခြင်းလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ပထမအကြိမ်အဖြစ် ရေပေါ်သောင်ကျေးရွာတွင် ၃၈၁ ဧကကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ဒုတိယအကြိမ်အဖြစ် ရေဖြူကျေးရွာအုပ်စု အုတ်ဖိုကျေးရွာမှာ ဧက ၁၅၀ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ခြင်းကြောင့် ဒေသခံ တောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများ ဝင်ငွေတိုးပွား စေခြင်း၊ ရေသွင်းရေထုတ်မြောင်းများ ကောင်းမွန်စေခြင်း၊ ကုန်ထုတ်လမ်းများကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာခြင်း၊ သီးနှံများအထွက် တိုးလာခြင်းအပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူပြု နိုင်ကြောင်း သိရပါတယ်။ (NVS 004 )

04 Dec

ADVERTISE HERE .