"ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ သိန်းကျော်တင်ပို့ခဲ့"
04 Decပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သိန်း ၃ သောင်းကျော်တင်ပို့ခဲ့တယ်လို့ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီလိုတင်ပို့ရာမှာ ဆန်တန်ချိန် ၂ သိန်းခွဲကျော်နဲ့ ဆန်ကွဲတန်ချိန် ၇ သောင်းကျော် တင်ပို့ခဲ့တာဖြစ်ပြီး ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅၆ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆန်ကို အင်ဒိုနီးရှားနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့တာဖြစ်ပြီး ဆန်ကွဲကိုတော့ ဘယ်လ်ဂျီယံနိုင်ငံကို အများဆုံး တင်ပို့ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုနိုဝင်ဘာလ ဆန်တင်ပို့မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ဆန်တင်ပို့မှုထက် လျော့နည်းခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။ (NVS 004 )
04 Dec