“ဆန်၊ စပါး သိုလှောင်ရုံပေါင်း ၃,၅၀၀ ကျော် မှတ်ပုံတင်ပြီး”

03 Dec

ဆန်၊ စပါး သိုလှောင်ဈေးကစားခြင်းမဖြစ်စေရန် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်စနစ် ကို ဆောင်ရွက်လျက်ရှိရာ သိုလှောင်ရုံပေါင်း ၃,၅၀၀ ကျော် မှတ်ပုံတင်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ အဆိုပါ သိုလှောင်ရုံများ၏ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်တို့ကို တင်ပြစေပြီး ရှောင်တခင်စစ်ဆေးခြင်း၊ လိုအပ်သလို စစ်ဆေးခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ကြီးကြပ်ဆောင်ရွက် ကာ ဆန်၊ စပါး ဈေးနှုန်းတည်ငြိမ်စေရန် အစိုးရနှင့်ပုဂ္ဂလိကတို့ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အာရှနိုင်ငံအများစုသည် ဆန်၊ စပါးစိုက်ပျိုးထုတ်လုပ်ကြပြီး ပြည်တွင်း၌ စားသုံးသလို ပြည်ပတင်ပို့ရောင်းချမှုများ လည်း ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတိုင်းသည် တစ်ဧကအထွက်နှုန်းတိုးတက်ရန် လုပ်ဆောင်ကြပြီး ဈေးနှုန်း လျှော့ချရန်အတွက်လည်း ဆောင်ရွက်ကြကာ လက်ရှိအနေအထားတွင် တောင်သူများ၏ကြိုးပမ်းအားထုတ်မှု၊ ဈေးကွက် မှ ဖန်တီးပေးတဲ့ အခွင့်အလမ်းတို့ဖြင့်သာ ရပ်တည်နေရသည့် အနေအထားဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် ကုမ္ပဏီအသင်းဝင် ၁,၃၀၀ ခန့်ရှိပြီး တောင်ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ပြည်တွင်းကုမ္ပဏီ ၁၀၀ ခန့်က ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

03 Dec

ADVERTISE HERE .